Equality of Functions
Two functions f and g are equal if and only if
- f and g have the same domain,
- f and g have the same codomain, and
- f(x) = g(x) for each x of the domain.
Function များတူညီခြင်း
Function နှစ်ခု f နဲ့ g ဆိုပါစို့။ f=g လို့ ပြောနိုင်ဖို့ အတွက် အခြေအနေ သုံးရပ်နဲ့ ကိုက်ညီမှု ရှိရပါမယ်။
(၁) Domain တူညီရမယ်။
(၂) Codomain တူညီရမယ်။
(၃) Domain ထဲမှာ ရှိတဲ့ အစုဝင် x တိုင်းအတွက် f(x) = g(x) ဖြစ်ရမယ်။ တစ်နည်းပြောရင် function f ရဲ့ image တွေနဲ့ function g ရဲ့ image တွေ တူညီရမယ်ပေါ့။
ဒီအခြေအနေ သုံးရပ်လုံးနဲ့ ကိုက်ညီတယ်ဆိုရင် function နှစ်ခု တူညီတယ်လို့ ပြောနိုင်ပါတယ်။
အောက်က example လေးတွေ ဆက်ပြီး လေ့လာကြည်ရအောင်။
Example (1)
Solution
f(x) = x2 g(x) = 2x – 1
f(1) = 12 = 1 g(1) = 2(1) – 1 = 1.
Therefore f(x) = g(x) for every x A.
အထက်မှာ ပြောခဲ့တဲ့ အချက်သုံးချက်နဲ့ ပြန်စစ်ကြည့်ရအောင် . . .
- f နဲ့ g ဟာ Domain တူပါတယ်။ နှစ်ခုလုံးရဲ့ Domain ဟာ A ဖြစ်တယ်။
- f နဲ့ g ဟာ Codomain လည်းတူပါတယ်။ နှစ်ခုလုံးအတွက် B ဖြစ်တယ်။
- Domain ထဲမှာ အစုဝင် တစ်ခုရှိပါတယ်။ 1 ဖြစ်ပါတယ်။ f(1) = 1 ဖြစ်ပြီးတော့ g(1) = 1 ဖြစ်တဲ့အတွက် image တွေလည်းတူပါတယ်။ ဒါကြောင့် f = g ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
Example (2)
Solution
f(x) = x2 g(x) = 2x – 1
f(1) = 12 = 1 g(1) = 2(1) – 1 = 1.
f(2) = 22 = 4 g(2) = 2(2) – 1 = 3.
f(1) = g(1) but f(2) ≠ g(2).
Therefore f(x) ≠ g(x) for every x C.
f ≠ g
ဒီဥပမာမှာ ဆိုရင် function နှစ်ခုလုံးအတွက် Domain နဲ့ Codomain တူညီတယ်ဆိုတာ သိပြီး ဖြစ်မှာပါ။
f(1) = g(1)
f(2) ≠ g(2) ဖြစ်နေပါတယ်။ ဒါကြောင့် Domain ထဲမှာ ရှိတဲ့ အစုဝင် x တိုင်းအတွက် f(x) = g(x) မဖြစ်တော့ပါဘူး။
ဒါကြောင့် ဒီမေးခွန်းမှာ f ≠ g လို့ ဆိုရမှာ ဖြစ်ပါတယ်။
Example (3)
Let f : R R and g : R R are functions such that f(0) = 2 and g(0) = 2. Can you say that f and g are the same function? Why?
Solution
Here f(0) = g(0). But we cannot say that f(x) = g(x) for every x R. Therefore we cannot say that f and g are the same function.
ဒီမေးခွန်းကတော့ set of real numbers (R) နဲ့ equality of functions ဆိုတာကို အသေအချာ နားလည် သဘောပေါက်မှု ရှိရဲ့လားဆိုတာကို စစ်ဆေးလိုက်တာပါ။
R ဆိုတာက set of real numbers (ကိန်းစစ်များပါဝင်သော အစု) ပေါ့။ ကိန်းမျဉ်းပေါ်မှာ ရှိတဲ့ အမှတ်တိုင်းကို ကိုယ်စားပြုပါတယ်။
f နဲ့ g ဟာ Domain နဲ့ Codomain တူပါတယ်။ f(0) = g(0) ဖြစ်ပါတယ်။ ဒါပေမယ့် f = g လို့ မသတ်မှတ်နိုင်ပါဘူး။ R ဆိုတဲ့ အစုထဲမှာ အစုဝင်တွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ အဲဒီအထဲမှာမှ 0 ရဲ့ image များသာလျှင် တူညီတယ်လို့ ပေးထားချက်အရ သိရပြီး၊ ကျန်တဲ့ အစုဝင်တွေအတွက် ဘာမှ မပြောနိုင်ပါဘူး။ ဒါကြောင့် f နဲ့ g ဟာ တူညီသော function များဖြစ်တယ်လို့ ဘယ်လိုမှ ပြောခွင့်မရှိပါဘူး။
ဒီလောက်ဆိုရင် Equality of Functions ဆိုတာကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။
0 Reviews:
Post a Comment