Wednesday, July 22, 2009

Answers For July-Test Question

အရင်အပါတ်က တင်ပေးခဲ့တဲ့ မေးခွန်းရဲ့ အဖြေဖြစ်ပါတယ်။ မေးခွန်းမှာ အမှားတချို့ ပါသွားလို့ ပြန်တင်ပေးထား ပါတယ်။

Chapter-2 မှာ ဒါတွေ သိထားရပါမယ်။


• Point နှစ်ခုကြား Midpoint ဘယ်လိုရှာမလဲ။

• Non-vertical line တစ်ခုရဲ့ slope ဆိုတာဘာလဲ။

• Line segment တစ်ခု၏ အလျားကို distance formula နဲ့ ဘယ်လိုရှာမလဲ။

• Line equation ဘယ်လိုရှာမလဲ။… ဆိုတာတွေကို သိရပါမယ်။


Chapter-3 နဲ့ ပါတ်သက်ပြီး


• Exponent ဆိုတာ ဘာလဲ။

• Rules for Exponent

• Radical ဆိုတာဘာလဲ။

• Rules for radicals

• Rationalize ပြုလုပ်ခြင်း

• Exponential Equations စတာတွေကို သိရှိနားလည် ထားရပါမယ်။


ဖေါ်ပြပါ အချက်များကို သေသေချာချာ နားလည်ပြီဆိုရင် ပေးထားတဲ့ မေးခွန်းကို အလွယ်တကူ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ အဖြေများကို တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ နားမလည်ပါက mail ပို့ပြီးမေးမြန်းနိုင်ပါတယ်။ နောက်လပါတ်တွေ အတွက်လည်း ဆက်လက်ပြီး တင်ပေးသွားမှာ ဖြစ်ပါတယ်။ ၁၀-တန်းအတွက်လည်း ဆက်လက် တင်ပေး သွားပါ့မယ်။ ကျောင်းသား၊ ကျောင်းသူများအားလုံး အခက်အခဲမရှိ ဖြတ်ကျော်နိုင်ပါစေ။


အဖြေ Photobucket

Thursday, July 16, 2009

Sample Question for July Test

ဒီတပါတ် sample question လေးတစ်စုံ တင်လိုက်ပါတယ်။

ဒီလပါတ် စာမေးပွဲမှာ အချို့က Chapter 2 နဲ့ Chapter 3 အချို့ကတော့ Chapter 3 ပဲမေးတော့မှာ ဖြစ်ပါတယ်။ ကျောင်းပေါ်မှာ မူတည်လို့ပေါ့။ အဲဒီတော့ ဘာပဲမေးမေး အဆင်ပြေရအောင် လေ့ကျင့်ဖို့ နှစ်ခန်းလုံး အကြုံးဝင်တဲ့ sample question တစ်စုံ တင်ပေးလိုက်ပါတယ်။

၉-တန်း (grade-10) အတွက်ပါ။ 45min မဟုတ်ပဲ 90min မေးခွန်းပါ။ ကျေညက်စွာ လေ့ကျင့်ထားသူများ အတွက် ကတော့ အလွယ်တကူပဲ ဖြေဆိုနိုင်မှာပါ။ ကြိုးစားပြီး ဖြေဆိုကြည့်ပါလား။

ဒီ post ကိုဖတ်မိတဲ့ ပြင်ပ ကျောင်းသားများ (သို့မဟုတ် မိမိတို့သားသမီးများကို လေ့ကျင့်စေလိုတဲ့ မိဘများ) လည်း ဖြေဆိုပြီး အဖြေများကို စစ်ဆေး ပေးစေလိုတယ်ဆိုရင် အဖြလွှာများကို scan ဖတ်ပြီး email ကနေ ပေးပို့နိုင်ပါတယ်။ ပေးပို့ရမယ့် mail ကတော့ minnthureinmyaing@gmail.com ဖြစ်ပါတယ်။ စစ်ဆေးပြီးရင် သုံးသပ်ချက်များကို ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။ မေးခွန်းရဲ့ အဖြေများကိုတော့ နောက်တစ်ပါတ်မှာ တင်ပေးပါ့မယ်။

ကျောင်းသား၊ ကျောင်းသူများအားလုံး အောင်မြင်ထူးချွန်ပါစေကြောင်း ဆုမွန်ကောင်း တောာင်းလိုက်ပါတယ်။

ဂျူလိုင်လပါတ် စာမေးပွဲအတွက် လေ့ကျင့်ရန် မေးခွန်း Photobucket

Monday, July 6, 2009

Introduction to Coordinate Geometry

Coordinate Geometry မှာ point တွေကို coordinate ပြင်ညီပေါ်မှာ နေရာချသတ်မှတ်ပါတယ်။ ပုံကိုကြည့်ပါ။


အလျားလိုက် ၀င်ရိုးကိုတော့ X-axis လို့ခေါ်ပါတယ်။ ဒေါင်လိုက်ဝင်ရိုးကိုတော့ Y-axis လို့ခေါ်ပါတယ်။ X-axis နဲ့ Y-axis တို့ဖြတ်သွားတဲ့ အမှတ်ကိုတော့ မူလမှတ် (Origin) လို့ခေါ်ပါတယ်။ X-axis နဲ့ Y-axis တို့ ပိုင်းဖြတ်ရာက ပြင်ညီမှာ အပိုင်းလေးပိုင်း (Quadrant) ဖြစ်လာပါတယ်။ လက်ယာဘက် အပေါ်ဆုံးထောင့် အပိုင်းကို Quadrant-1 လို့သတ်မှတ်ပြီး နာရီလက်တံ ပြောင်းပြန်လည်သည့် အတိုင်း Quadrant တွေကို အစဉ်လိုက် သတ်မှတ်ပါတယ်။

Coordinate ပြင်ညီပေါ်မှာ အမှတ်တစ်ခုရဲ့ တည်နေရာကို X-axis ပေါ်ရှိအမှတ်နဲ့ Y-axis ပေါ်ရှိ အမှတ်တို့ ဆုံရာနေရာကို အောက်ပါအတိုင်း order pair နဲ့သတ်မှတ်ပါတယ်။

The slope of a non-vertical Line

If a line L passes through the points (x1,y1) and (x2,y2), then the slope of the line L can be calculated by the formula





ဒေါင်လိုက်မဟုတ်တဲ့ line တွေမှာ လျှောက်စောက် (slope) လို့ခေါ်တဲ့ မတ်စောက်မှုကို အထက်မှာ ဖေါ်ပြထားတဲ့ ညီမျှချင်းနှင့် တွက်ယူနိုင်ပါတယ်။


Chapter 2 ကအခုမှ ရေးနေရပေမယ့် အားလုံးသင်ပြီးလောက်ပါပြီ။ ဒါ့ကြောင့် လေ့ကျင့်စရာမေးခွန်းတွေ လိုချင်ရင်တော့ ပေးထားတဲ့ link တွေမှာ ဆွဲလိုက်ပါ။

1.လေ့ကျင့်ရန် မေးခွန်း Photobucket

2.မှတ်ရန် အကျဉ်းချုပ် Photobucket

3. မေးခွန်းအတွက် အဖြေများ Photobucket