السبت، 1 أغسطس 2009

Trigonometry

Trigonometry

Trigonometry ဆိုတာ တြိဂံနဲ့ သက်ဆိုင်သော သင်္ချာဘာသာရပ်လို့ ယေဘုယျ အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါတယ်။ တြိဂံ၏ အနားများနှင့် ထောင့်များ၏ ဆက်စပ်မှုကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ အသုံးချသင်္ချာ (applied mathematics) ဘာသာရပ်တွင် trigonometric functions များကို mathematical tools အဖြစ် အသုံးပြု ပါသည်။ Trigonometry ၏ကဏ္ဍခွဲဖြစ်သော spherical trigonometry ကိုတော့ အာကာသပညာနှင့် ရေကြောင်း ပညာရပ်များတွင် အသုံးပြုသည်။

Angle

In trigonometry an angle is determined by rotating a ray about its endpoint from an initial position to terminal position.
ထောင့်တစ်ခု၏ မူလ(အစ) လက်တံကို initial side ဟုခေါ်ပြီး ရွေ့လျှားလက်တံကို terminal side ဟု ခေါ်သည်။ ထောင့်များကို coordinate ပြင်ညီတွင် ဖေါ်ပြသောအခါ positive x-axis ကို initial side ဟု သတ်မှတ်သည်။




Positive and Negative Angles


Angles measured from the X-axis in an anticlockwise direction are positive angles.
Angles measured from the X-axis in an clockwise direction are negative angles.
ထောင့်တစ်ခု ဆိုသည်မှာ အတိုင်းအတာ (magnitude) ဖြစ်သောကြောင့် ပကတိ တန်ဖိုးတွင် အပေါင်းအနှုတ် တန်ဖိုး သတ်မှတ် ချက် မရှိပါ။ Positive and negative ဟု ခွဲခြား သတ်မှတ်ခြင်းမှာ ဦးတည်ရာ (direction) ကို သတ်မှတ်ခြင်း ဖြစ်ပါသည်။ initial side မှ terminal side သို့ နာရီလက်တံ ပြောင်းပြန် (anticlockwise direction) အတိုင်းရွေ့လျှားလျှင် positive angle ဟု သတ်မှတ်ပြီး နာရီ လက်တံအတိုင်း (clockwise direction) ရွေ့လျှားလျှင် negative angle ဟု သတ်မှတ်သည်။

Radian Measure of an Angle


The radian measure of an angle is the ratio of the length of the arc (s) whose centre is at the vertex of the angle to the radius (r).
ထောင့်တစ်ခု၏ radian measure ဆိုသည်မှာ ထိုထောင့်၏ ထောင့်စွန်းမှတ်ကို ဗဟိုပြုသော စက်ဝိုင်းတစ်ခု၏ ထောင့်လက်တံ နှစ်ခုကြား အ၀န်းပိုင်းအလျား (s) နှင့် အချင်းဝက် (r) တို့၏ အချိုးဖြစ်သည်။










Relation between Degree and Radian Measure













Six Trigonometric Ratios of a Right Angle

Trigonometric ratios ဆိုသည်မှာ ထောင့်မှန်တြိဂံတစ်ခု၏ ထောင့်မှန်မဟုတ်သော ထောင့်တစ်ခုနှင့် အနားများ ၏ ဆက်စပ်မှု အချိုးများ ဖြစ်သည်။ ထောင့်မှန်တြိဂံ တစ်ခု၏ Trigonometric Ratios များကို ဖော်ပြရလျှင်-












Identities













Trigonometric Ratios of Special Angles


Trigonometric Ratios of Any Angles

ထောင့်အတိုင်းအတာ အားလုံးအတွက် အချိုးများကို ရှာနိုင်ရန် unit circle ကိုလေ့လာမည်။ Unit circle ဆိုသည် မှာ Radius ပမာဏ 1 unit ရှိသော circle တစ်ခုဖြစ်သည်။ Circle ၏ ဗဟို(centre) ကို X-Y plane(Cartesian Plane) ၏ origin အဖြစ်သတ်မှတ်သည်။ Trigonometric ratios ရှာလိုသော ထောင့်၏ initial side အဖြစ် positive X-axis ကို သတ်မှတ်သည်။


ဆက်ပါမည်....................။

الأربعاء، 22 يوليو 2009

Answers For July-Test Question

အရင်အပါတ်က တင်ပေးခဲ့တဲ့ မေးခွန်းရဲ့ အဖြေဖြစ်ပါတယ်။ မေးခွန်းမှာ အမှားတချို့ ပါသွားလို့ ပြန်တင်ပေးထား ပါတယ်။

Chapter-2 မှာ ဒါတွေ သိထားရပါမယ်။


• Point နှစ်ခုကြား Midpoint ဘယ်လိုရှာမလဲ။

• Non-vertical line တစ်ခုရဲ့ slope ဆိုတာဘာလဲ။

• Line segment တစ်ခု၏ အလျားကို distance formula နဲ့ ဘယ်လိုရှာမလဲ။

• Line equation ဘယ်လိုရှာမလဲ။… ဆိုတာတွေကို သိရပါမယ်။


Chapter-3 နဲ့ ပါတ်သက်ပြီး


• Exponent ဆိုတာ ဘာလဲ။

• Rules for Exponent

• Radical ဆိုတာဘာလဲ။

• Rules for radicals

• Rationalize ပြုလုပ်ခြင်း

• Exponential Equations စတာတွေကို သိရှိနားလည် ထားရပါမယ်။


ဖေါ်ပြပါ အချက်များကို သေသေချာချာ နားလည်ပြီဆိုရင် ပေးထားတဲ့ မေးခွန်းကို အလွယ်တကူ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ အဖြေများကို တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ နားမလည်ပါက mail ပို့ပြီးမေးမြန်းနိုင်ပါတယ်။ နောက်လပါတ်တွေ အတွက်လည်း ဆက်လက်ပြီး တင်ပေးသွားမှာ ဖြစ်ပါတယ်။ ၁၀-တန်းအတွက်လည်း ဆက်လက် တင်ပေး သွားပါ့မယ်။ ကျောင်းသား၊ ကျောင်းသူများအားလုံး အခက်အခဲမရှိ ဖြတ်ကျော်နိုင်ပါစေ။


အဖြေ Photobucket

الخميس، 16 يوليو 2009

Sample Question for July Test

ဒီတပါတ် sample question လေးတစ်စုံ တင်လိုက်ပါတယ်။

ဒီလပါတ် စာမေးပွဲမှာ အချို့က Chapter 2 နဲ့ Chapter 3 အချို့ကတော့ Chapter 3 ပဲမေးတော့မှာ ဖြစ်ပါတယ်။ ကျောင်းပေါ်မှာ မူတည်လို့ပေါ့။ အဲဒီတော့ ဘာပဲမေးမေး အဆင်ပြေရအောင် လေ့ကျင့်ဖို့ နှစ်ခန်းလုံး အကြုံးဝင်တဲ့ sample question တစ်စုံ တင်ပေးလိုက်ပါတယ်။

၉-တန်း (grade-10) အတွက်ပါ။ 45min မဟုတ်ပဲ 90min မေးခွန်းပါ။ ကျေညက်စွာ လေ့ကျင့်ထားသူများ အတွက် ကတော့ အလွယ်တကူပဲ ဖြေဆိုနိုင်မှာပါ။ ကြိုးစားပြီး ဖြေဆိုကြည့်ပါလား။

ဒီ post ကိုဖတ်မိတဲ့ ပြင်ပ ကျောင်းသားများ (သို့မဟုတ် မိမိတို့သားသမီးများကို လေ့ကျင့်စေလိုတဲ့ မိဘများ) လည်း ဖြေဆိုပြီး အဖြေများကို စစ်ဆေး ပေးစေလိုတယ်ဆိုရင် အဖြလွှာများကို scan ဖတ်ပြီး email ကနေ ပေးပို့နိုင်ပါတယ်။ ပေးပို့ရမယ့် mail ကတော့ minnthureinmyaing@gmail.com ဖြစ်ပါတယ်။ စစ်ဆေးပြီးရင် သုံးသပ်ချက်များကို ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။ မေးခွန်းရဲ့ အဖြေများကိုတော့ နောက်တစ်ပါတ်မှာ တင်ပေးပါ့မယ်။

ကျောင်းသား၊ ကျောင်းသူများအားလုံး အောင်မြင်ထူးချွန်ပါစေကြောင်း ဆုမွန်ကောင်း တောာင်းလိုက်ပါတယ်။

ဂျူလိုင်လပါတ် စာမေးပွဲအတွက် လေ့ကျင့်ရန် မေးခွန်း Photobucket

الاثنين، 6 يوليو 2009

Introduction to Coordinate Geometry

Coordinate Geometry မှာ point တွေကို coordinate ပြင်ညီပေါ်မှာ နေရာချသတ်မှတ်ပါတယ်။ ပုံကိုကြည့်ပါ။


အလျားလိုက် ၀င်ရိုးကိုတော့ X-axis လို့ခေါ်ပါတယ်။ ဒေါင်လိုက်ဝင်ရိုးကိုတော့ Y-axis လို့ခေါ်ပါတယ်။ X-axis နဲ့ Y-axis တို့ဖြတ်သွားတဲ့ အမှတ်ကိုတော့ မူလမှတ် (Origin) လို့ခေါ်ပါတယ်။ X-axis နဲ့ Y-axis တို့ ပိုင်းဖြတ်ရာက ပြင်ညီမှာ အပိုင်းလေးပိုင်း (Quadrant) ဖြစ်လာပါတယ်။ လက်ယာဘက် အပေါ်ဆုံးထောင့် အပိုင်းကို Quadrant-1 လို့သတ်မှတ်ပြီး နာရီလက်တံ ပြောင်းပြန်လည်သည့် အတိုင်း Quadrant တွေကို အစဉ်လိုက် သတ်မှတ်ပါတယ်။

Coordinate ပြင်ညီပေါ်မှာ အမှတ်တစ်ခုရဲ့ တည်နေရာကို X-axis ပေါ်ရှိအမှတ်နဲ့ Y-axis ပေါ်ရှိ အမှတ်တို့ ဆုံရာနေရာကို အောက်ပါအတိုင်း order pair နဲ့သတ်မှတ်ပါတယ်။

The slope of a non-vertical Line

If a line L passes through the points (x1,y1) and (x2,y2), then the slope of the line L can be calculated by the formula





ဒေါင်လိုက်မဟုတ်တဲ့ line တွေမှာ လျှောက်စောက် (slope) လို့ခေါ်တဲ့ မတ်စောက်မှုကို အထက်မှာ ဖေါ်ပြထားတဲ့ ညီမျှချင်းနှင့် တွက်ယူနိုင်ပါတယ်။


Chapter 2 ကအခုမှ ရေးနေရပေမယ့် အားလုံးသင်ပြီးလောက်ပါပြီ။ ဒါ့ကြောင့် လေ့ကျင့်စရာမေးခွန်းတွေ လိုချင်ရင်တော့ ပေးထားတဲ့ link တွေမှာ ဆွဲလိုက်ပါ။

1.လေ့ကျင့်ရန် မေးခွန်း Photobucket

2.မှတ်ရန် အကျဉ်းချုပ် Photobucket

3. မေးခွန်းအတွက် အဖြေများ Photobucket

الاثنين، 29 يونيو 2009

ကိုအံ့မင်းညို၏ မေးခွန်းကို ဖြေကြားခြင်း

Inequation နဲ့ ပါတ်သက်ပြီး ကိုအံ့မင်းညိုက အခုလိုမေးပါတယ်။
x2 + 2hx + c2 ကိုရှင်းရင် ရမယ့်ညီမျှခြင်းကို သိလိုပါတယ်...။ quadratic ကိုသုံးမယ်ဆိုရင် တူညီပါ သလား..။ ဒါမှမဟုတ် x = - h ± (h2-c2) ကိုရပါသလား..။ ရှင်းပြစေချင်ပါတယ် ခင်ဗျာ...။

ကိုအံ့မင်းညို မေးတာ x2 + 2hx + c2 = 0 ရဲ့ roots ကိုမေးတာလို့ ထင်ပါတယ်။ ဒါကို ကျွန်တော် completing square method ကိုသုံးပြီး ရှင်းပါတယ်။


x2 + 2hx + c2 = 0 h,c Є R=the set of real numbers
x2 + 2hx = - c2
x2 + 2hx + h2 = h2- c2
(x + h)2 = h2- c2x + h = ± (h2-c2)
x = - h± (h2-c2)
If h2 - c2 0, the roots are real.
If h2-c2 the roots are complex.

Wolfram Alpha ၏ Result

Input:



Geometric figure:

Circular Cone

Integer Solution:









Solutions for the variable x:






Implicit derivatives:
















الأحد، 28 يونيو 2009

Arithmetic Progression

Arithmetic Progression (A . P)

In a sequence the difference of any two consecutive terms is constant, then the sequence is called an arithmetic progression. That difference is called the common difference and is denoted by d.



Sequence တစ်ခုတွင် ကပ်လျှက်ရှိသော မည့်သည့်ကိန်းနှစ်ခုမဆို ခြားနားခြင်း(နှုတ်ခြင်း) သည် ကိန်းသေဖြစ် လျှင် ၎င်း sequence ကို arithmetic progression ဟုခေါ်သည်။



If u1 , u2 , u3 , u4 , - - -, un-1 , un is an A . P,then u2 -u1 = u3 -u2= u4 -u3 = - - - = un -un-1 = constant.

un -un-1 = d.


un = un-1 + d

Generally the first term (u1) of a sequence is denoted by a.


Therefore ....

u1 = a
un = un-1 + d
u2 = u1 + d = a + d
u3 = u2 + d = 2a + d
u4 = u3 + d = 3a + d



From above expression the nth term of an arithmetic progression can be expressed as


un = a + (n-1)d


where ...
un = the nth term
a = the first term
d = the common difference
n = number of term

Sequences and Series

Sequence



အောက်မှာပေးထားတဲ့ ကိန်းတန်းလေးကို လေ့လာကြည့်ရအောင်။



1,4,9,16,25,...



အခုကိန်းတန်းမှာပါဝင်တဲ့ ကိန်းလုံးတွေဟာ ရေးချင်သလို ရေးထားခြင်း (random) မဟုတ်ပါဘူး။ ကိန်းလုံးတွေ ပြောင်းလဲမှုမှာ စနစ်တစ်ခု (တနည်းပြောရရင် function တစ်ခု) အရ ပြောင်းလဲသွားတာပါ။ ဒါကို functional notation နဲ့ပြောရမယ်ဆိုရင်...



f(1) = 1 = 12

f(2) = 4 = 22

f(3) = 9 = 32

f(4) = 16 = 42

f(5) = 25 = 52 လို့ဆိုနိုင်တာပေါ။့



ဒါကိုကြည့်ခြင်းအားဖြင့် function ရဲ့ Domain ဟာ {1,2,3,4,5,...n}=the set of natural numbers ဆိုရပါမယ်။ ဒါဆိုရင် အထက်ပါပြောင်းလဲမှုကို ကြည့်ရုံနဲ့ function ရဲ့ general formula ကို အလွယ်တကူ ပြောနိုင်ပါပြီ။

f(n) = n2 ပေါ့...။



ဒါကြောင့် sequence ဆိုတာဟာ special function လို့ဆိုနိုင်ပြီး သူရဲ့ domain ကတော့ အမြဲတမ်း သဘာဝကိန်း များ ပါဝင်သောအစု (the set of natural numbers) ဖြစ်ပါတယ်။ image တွေကိုတော့ ဒီနေရာမှာ terms လို့ ပြောင်းလဲခေါ်ပါမယ်။ အခေါ်အဝေါ် ပြောင်းလဲမှုနဲ့အတူ အသုံးပြုမယ့် symbols တွေကိုလည်း ပြောင်းလည်း သတ်မှတ်ပါတယ်။ အထက်မှာပေးထားတဲ့ ကိန်းလုံးတွေကို အခုလိုခေါ်ဝေါ် သတ်မှတ်ပါမယ်။

first term =u1 =1
second term=u2=4
third term =u3 =9
fourth term =u4 =16
fifth term =u5 =25
- - - - - - - - - - - - - - - -
nth term =un=n2

ဒီနေရာမှာ nth term ကို general term သို့မဟုတ် general formula လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် sequence ကို အခုလို definition ဖွင့်ဆိုနိုင်ပါတယ်။



Sequence

A sequence is a function whose domain is either the set of all or part of natural numbers. The values (images) of function are called terms .



Example 1

Find the first four terms of the sequence defined by un = 3n - 5.



http://i627.photobucket.com/albums/tt352/Thu-Rein/template/th_bluearrow.gifSolution

un = 3n - 5

u1 = 3(1) - 5 =-2

u2 = 3(2) - 5 = 1

u3 = 3(3) - 5 = 4

u4 = 3(4) - 5 = 7

Therefore the fist four terms are -2, 1, 4, 7.



Exercises

Find the first four terms of the sequence defined by

(a) un = 2n + 3(b) un = 3n2 - 2(c) un = 4n2+ 3n - 5
Example2

Which term of the sequence defined by un = 4n - 23 is 25?



http://i627.photobucket.com/albums/tt352/Thu-Rein/template/th_bluearrow.gifSolution

un = 4n - 23

Let the nth term be 25.

Therefore un = 25

4n - 23 = 25

4n = 48

n = 12

Therefore the 12th term is 25.