Mathematical Induction ကို domino effect ဖြင့် တင်စားဖော်ပြလေ့ရှိသည်။အောက်ပါ ပုံကိုလေ့လာကြည့်ပါ။
                         
 
                        
                         
                         ပထမ domino လဲမကျလျှင် ၎င်းနောက်မှ စီထားသော domino များလဲကျမည်မဟုတ်ပါ။ 
                         ပထမ domino လဲကျသည်။ ထို့နောက် စီထားသော domino ထဲမှ ကြိုက်ရာတစ်ခုလဲကျသည်ဟု ယူဆပြီး၊ ၎င်းနောက်ရှိ
                         ကပ်လျက်ရှိသော domino လဲကျကြောင်း သက်သေပြနိုင်လျှင် မည်သည့် domino မဆို လဲကျသည်ဟု သက်သေပြနိုင်ပါသည်။ 
                         ဤသည်မှာ Mathematical Induction ဆိုင်ရာ သက်သေပြမှုတွင် အသုံးပြုသော အယူအဆဖြစ်သည်။
                        Mathematical Induction သည် အပေါင်းကိန်းပြည့် ဆိုင်ရာ အဆိုများ မှန်ကန်ချက်များကို သက်သေပြရာတွင်
                        များစွာ အသုံးဝင်သည်။ 
                        Mathematical Induction ကို အသုံးပြု၍ သက်သေပြရာတွင် အဓိက အဆင့်နှစ်ဆင့်ဖြင့် သက်သေပြရမည်။
                    
                    
                            - 
                                Step (1) - ပေးထားသော အဆိုပြုချက်တစ်ခုအတွက် ပထမဆုံးအကြိမ် 
                                [ယျေဘုယျအားဖြင့် (n=1)]  အတွက် မှန်ကန်ကြောင်း သက်သေပြရမည်။
                            
- 
                                Step (2) - ထိုအဆိုသည် အခြား မည့်သည့် $k$ အကြိမ်အတွက်မဆို မှန်ကန်သည်ဟု သတ်မှတ်လိုက်ပြီး 
                                ၎င်းနောက်ရှိ ကပ်လျက်ရှိသော $k+1$ အကြိမ်အတွက် မှန်ကြောင်း သက်သေပြနိုင်လျှင် ပေးထားသော အဆိုသည် 
                                အမြဲမှန်ကန်သည်။ 
                            
|  | 
|---|